Saturday, June 1, 2013

ကိုကျော်သူကို ထောက်ခံပါ။

လမ်းပျောက်ချိန် မိုးရောက်ပြီ။ မိုးတွင်းမို့ မိုးရွာသည်မှာမဆန်းပါချေ။ ဆန်းသည်က တစ်ခြားမဟုတ်။ တိုးတက်ဖွံဖြိုးသော နိုင်ငံများတွင် မိုးရွာပြီး နောက် ဆယ်မိနစ်ခန့်အကြာ မိုးရေတို့သည် မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ မြန်မာနိုင်ငံတွင်ကား သည်လိုမဟုတ်ပါချေ၊ မိုးရွာပြီးနောက် ဆယ်မိနစ်အကြာတွင် လမ်းများသည် မြင်ကွင်းမှ ပျောက်ကွယ်သွားလေ့ရှိသည်။ ဘာကြောင့်လဲ အကြောင်းဘယ်သို့ ရှိသနည်း။ ဘာကြောင့် ကွာခြားရပါသနည်း။ လမ်းဘေး ၀ဲယာနှစ်ဘက်ရှိ ရေမြောင်းတို့တွင် အမှိုက်များ ပိတ်ဆို့သောကြောင့်ပါပေ.။ ပြည်သူလူထုကား အမှိုက်ကောက်ရမည်ကိုမသိ။ အမှိုက်ကို စည်းကမ်းတကျ စွန့်ရမည်ကိုလည်းမသိပါချေ၊ စည်ပင်သာယာကလည်း အမှိုက်ကောက်သည့်အရေးထက် ငွေကောက်ခံသည်အရေးကို ပို၍ အာရုံစိုက်သည်။ အမှိုက်ကောက်ရန်တာဝန်ယူထားသော စည်ပင်သာယာက လက်ရှောင်နေလေသည်။ ပိုက်ဆံပေးလျှင်တော့ အမှိုက်လာသိမ်းသည်။ မပေးလျှင် လုံးဝ မလာ။ ပိုက်ဆံပေးတာတောင် နပ်မှန်အောင် အမှိုက်မသိမ်းချေ။ လူတို့ လွှင့်ပစ်သော အမှိုက်တို့ ၏ နောက်ဆုံးဌာနေသည် လမ်းဘေးရေမြောင်းပင်တည်း။ မိုးရေသည် အမှိုက်များပိတ်ဆို့နေခြင်းကြောင့် စီးဆင်းမူမရှိတော့။ သို့ကြောင့်ပင် မိုးရွာပြီးနောက် ရေတင်နေသဖြင့် လမ်းများပျောက်ကွယ်သွားသော နိုင်ငံဖြစ်ခဲ့လေသည်. ။ ဓါတ်ရှင်မင်းသား ကိုကျော်သူ မင်းသား ကိုကျော်သူ နှင့် အဖွဲ့က အမှိုက်ကောက်လိုသည်။ စည်ပင်သာယာက တားဆီးသည်။ အဘယ်သို့ပါနည်း။ နားမလည်နိုင်ဖြစ်ရပါတော့သည်။အမှိုက်ကောက်ခွင့်ပေးလျှင် နောက်လေးလအတွက် စင်္ကာပူနိုင်ငံကဲ့သို့ ဖြစ်ရမည်ဟု မင်းသားက ဆိုသည်။ ကိုကျော်သူအဆိုကို ထောက်ခံသည်။ ဖြစ်နိုင်ပါသည်။ သန့်ရှင်းသောနိုင်ငံ ၊ ချမ်းသာသော နိုင်ငံ ဖြစ်လာမည်ကို စည်ပင်သာယာက သိပါသည်။ သို့သော် ၄င်း၏ ဂုဏ်သရေ ညိုးနွမ်းမှာစိုးသည့်အတွက် မလိုလားပါချေ။ မိမိအဖွဲ့  အကျိုးစီးပွားထက် နိုင်ငံတော်၏ အကျိုးစီးပွားကို ကြည့်ရပေမည်။ ကြည့်သင့်ပါသည်။ ယခုတွင်မူ ထိုသို့မဟုတ်ပါချေ။ အရင်းသေငွေ လွန်ခဲသော့လေးငါးရက်ခန့်က ရွာသောမိုးသည် လမ်းဘေးရေဆင်းမြောင်းထဲသို့မဆင်း ။ အိမ်သို့ ဖြတ်ဆင်းသည်။ အဆိုပါရေကို တားရ၏။ကာကွယ်ရ၏။ ထိုကြောင့် ငွေငါးသိန်းခန့် အလဟဿ ကုန်သွားသည်။ ရင်းနှီးမြှတ်နှံခွင်ရလျှင် အဆိုပါငါးသိန်းသည် အနာဂတ်တွင် သိန်းငါးရာဖြစ်လာနိုင်သည်။ ရင်းနှီးမြှတ်နှံခွင့်ကိုကားမရပါချေ။ မြေကြီးထဲသို့ အလဟဿ ထည့်လိုက်ရသည်။ တစ်ဦးလျှင် တစ်နှစ်ကို ငါးသိန်းခန့် ကုန်ကျသည်ဆိုလျှင် မြန်မာတစ်နိုင်ငံလုံး ရေ၀င်သော အိမ်များအားလုံး အတွက်ဆိုလျှင်ကား ဆိုနိုင်ဖွယ် မရှိတော့ပါချေ။ပြည်သူလူထု ၏ ကုန်ကျငွေကို တွက်ချက်ကြည့်ကြပါ ပညာရှင်အပေါင်းတို့။ သူက ဖို့လိုက် ကိုယ်ကဖို့လိုက် မြေဖို့ ပြိုင်ပွဲကြီးကျင်းပနေသည်။ ယခင်နှစ်က ခြေရင်းအိမ်မှ ရေ၀င်သောကြောင့် မြေကို ပြုပြင်သည်။မြေဖို့ သဲဖို့ရုံဖြင့် မပြီးသေး။ ရေမ၀င်အောင်တားဆီးသည်။ သန့်ရှင်းအောင် ကွန်ကရစ်လောင်းရသည်။ ဘယ်လောက်ကုန်သည်မသိ အနည်းဆုံး ငါးသိန်းနှင့် ဆယ်သိန်းခန့်ဖြစ်သည်။ ရေသည်နိမ့်သောအပိုင်းကို စီဆင်းစမြဲ။ ထိုအတူပင် သည်နှစ်တော့ မိမိအိမ်ဖက်က နိမ့်သွားလေသည်။ ထိုကြောင့်ရေ၀င်သည့် ဒုက္ခကို ခံစားရပြန်သည်။ အပြိုင်အဆိုင်မြေဖို့ကြရသည်။ ကွန်ကရစ်ပြန်လောင်းရသည်။ အရင်းအနှီးများ မြေထဲသို့ သဂြိုလ် လိုက်ရသည်။ မြန်မာနိုင်ငံတနံတလျား အားလုံး သည်ပုံ နှင့် သည်နည်း။ သည်လိုနှင့် ပြည်သူလူထု ခေါင်းမထောင်နိုင်တော့ချေ။ အလုပ်သင့်ဆုံးအလုပ်မှာ အမှိုက်ကောက်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေး။လုပ်နေရသည် က အပြိုင်အဆိုင်မြေဖို့ သဲဖို့ခြင်း။ မယုံမရှိပါနှင့် လွန်ခဲ့သော ဆယ်စုနှစ်က ၀ယ်ခဲ့မိသော သုံးလေးငါးသောင်းခန့်တန်သည့် အိမ်မြေသည် ယခုအခုအခါ သိန်းထောင်ချီ၍ တန်နေလေပြီ။ ငါးသိန်းဆိုသော ပမာဏသည် နောက် ဆယ်စု နှစ် တွင် သိန်းငါးရာခန့်ဖြစ်မည်မှာမလွဲသေချာပါ၏။မယုံမရှိ မဖြစ်ပါနှင့် ရင်းနှီးမြှုတ်နှံမူ၏ တန်ဖိုးသည် အနာဂတ်တွင် အလိုလို ပြောင်းလွဲမည် တန်ဖိုးတက်မည်မှာ မလွဲ ဧကန်ဖြစ်သတည်း။ ထိုကြောင့် လူတစ်ဦးချင်းချမ်းသာလိုပါသလား အမှိုက်ကောက်ပါ၊ နိုင်ငံတော်ချမ်းသာချင်ပါသလား၊ အမှိုက်ရှင်းပါ ၊ အမှိုက်ကောက်ခြင်း နှင့် ချမ်းသာခြင်း ဆက်စပ်မူရှိပါသလား၊၊ ရှိပါသည်။ အမှိုက်မကောက်သည့်အတွက် အမှိုက်များ လမ်းဘေးမြောင်းထဲ ကျကာ ရေမြောင်းများ ပိတ်သည်။ ထိုကြောင့် ရေစီးဆင်းမှုမကောင်း တော့ချေ။ ထိုအပြင် ရေလျှံသည်။ ရေလျှံတော့ လမ်းပျက် ရုံမျှမက အိမ်များအတွင်းရေ၀င်သည်။ ပျက်သည့်လမ်းကို ခဏခဏ ပြင်ရသဖြင့် နိုင်ငံတော်က ဘဏာငွေ ကုန်သည်။ အမှိုက်သိမ်း ၀န်ထမ်းများခန့်ရသည်။ အမှိုက်သိမ်းကားများ ၏ ဓါတ်ဆီဖိုး၊ ပြင်ဆင်စရိတ် စသည်တို့သည်လဲ မနည်းမနော။ လူနေအိမ်များ ရေမ၀င်အောင်လုပ်ရသည်။ ငွေကုန်သည် ။ သို့ပါ၍့ ပြည်သူတစ်ဦးချင်း ချမ်းသာလိုလျှင် နိုင်ငံတော်ချမ်းသာလို လျှင် မင်းသား ကိုကျော်သူကို ထောက်ခံပါ၊ နိုင်ငံတော် တည်ဆောက်ရေးကို ဆောင်ရွက်နေသော ကိုကျော်သူနှင့်ပူးပေါင်းပါ၊ အမှိုက်ကောက်ပါ လို့ ဆိုပါရစေ။ ကိုဧည့်သည် ၀၉၄၃၀၉၃၅၉၁ Photo ငွေမရလျှင် မသိမ်းပါဟု ပြောလာသူ Photo အိမ်အမှိုက်ကို မသိမ်းပါတဲ့ ပြည်ထောင်စုလမ်းမကြီး ၊စက်မူဇုံ (၃) ဆိုင်းပုဒ် အနီး ၊ဒဂုံမြိုသစ်တောင်ပိုင်းမြို့နယ်

Monday, April 8, 2013

ရဲစခန်းဖုန်းများ

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့စခန်းများဖုန်းနံပါတ် ပြည်ထဲရေးဝန်ကြီးဌာန ၁။ ဒဂုံတောင်ရဲစခန်း ၀၁-၅၉၀၀၉၃ ၂။ ဒဂုံမြောက်ရဲစခန်း ၀၁-၅၈၄၁၀၉ ၃။ ဒဂုံအရှေ့ ၀၁-၅၈၅၁၈၇ ၄။ ဒဂုံဆိမ်ကမ်း ၀၁-၅၉၃၀၀၇ ၅။ ဗိုလ်တစ်ထောင် ၀၁-၂၉၁၈၇၄ ၆။ မင်္ဂလာတောင်ညွန့် ၀၁-၂၉၁၀၃၄ ၇။ သာကေတ အမှတ် ( ၁ ) ၀၁-၅၅၆၈၆၅ ၈။ သာကတေအမှတ် (၂) ၀၁-၅၄၇၂၅၃ ၉။ တောင်ဥက္ကလာပ ၀၁-၅၆၁၆၄၂ ၁၀။ မြောက်ဥက္ကလာပ ၀၁-၉၆၉၉၃၈၄ ၁၁။ ရွှေပေါက်ကံ ၀၁-၉၆၉၅၅၆၁ ၁၂။ ဝေဘာဂီ ၀၁-၉၆၉၉၁၃၈ ၁၃။ တာမွေ ၀၁-၅၅၆၇၇၁ ၁၄။ သင်္ဃန်းကျွန်း ၀၁-၅၆၂၅၄၄ ၁၅။ သုဝဏ္ဏ ၀၁-၅၆၂၅၈၈ ၁၆။ ပုဇွန်တောင် ၀၁-၂၉၁၂၁၈ ၁၇။ ဒေါပုံ ၀၁-၅၅၆၉၈၈ ၁၈။ ရန်ကင်း ၀၁-၅၇၇၁၉၀ ၁၉။ မရမ်းကုန်း ၀၁-၆၆၀၃၅၂ ၂၀။ ဘုရင့်နောင် ၀၁-၆၈၀၇၇၄ ၂၁။ လှိုင် ၀၁-၅၁၉၅၃၁ ၂၂။ ပိတောက်ချောင်း ၀၁-၆၈၁၅၇၄ ၂၃။ ကမာရွတ် ၀၁-၅၃၄၃၀၄ ၂၄။ ဗဟန်း ၀၁-၅၅၄၆၃၀ ၂၅။ စမ်းချောင်း ၀၁-၅၃၅၁၈၄ ၂၆။ ကြည့်မြင်တိုင် ၀၁-၅၃၅၈၆၇ ၂၇။ စက်ဆန်း ၀၁-၇၀၈၉၃၁ ၂၈။ အလုံ ၀၁-၂၂၀၇၉၃ ၂၉။ လမ်းမတော် ၀၁-၂၂၄၅၂၈ ၃၀။ လသာ ၀၁-၂၅၃၂၀၂ ၃၁။ ပန်းဘဲတန်း ၀၁-၃၇၁၃၉၈ ၃၂။ ကျောက်တံတား ၀၁-၃၇၁၀၅၄ ၃၃။ ဆိပ်ကမ်း ၀၁-၂၅၆၉၂၀ ၃၄။ ဒလ ၀၁-၂၆၉၁၉၂ ၃၅။ သံလျင် ၀၅၆-၂၁၅၀၄ ၃၆။ ကျောက်တန်း ၀၅၆-၂၅၅၀၄ ၃၇။ အင်းစိန် ၀၁-၆၄၅၈၁၉ ၃၈။ မင်္ဂလာဒုံ ၀၁-၆၃၅၀၇၄ ၃၉။ ထောက်ကြန့် ၀၁-၆၀၀၀၃၂ ၄၀။ လှိုင်သာယာ ၀၁-၆၄၅၀၁၆ ၄၁။ မှော်ဘီ ၀၁-၆၂၀၀၀၁ ၄၂။ လည်းကူး ၀၁-၆၂၉၀၀၉ ၄၃။ တိုက်ကြီး ၀၅၅-၂၀၀၀၃ ၄၄။ သောင်းကြီး ၀၁-၇၂၂၉၁၆ ၄၅။ လှော်ကား ၀၁-၇၀၈၉၃၀ *********************************************** မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရဲစခန်းများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ ၁။ အမှတ်(၁)ရဲစခန်း ၀၂-၆၁၂၀၇ ၂။ အမှတ်(၂)ရဲစခန်း ၀၂-၃၂၀၀၈ ၃။ အမှတ်(၃)ရဲစခန်း ၀၂-၃၂၀၈၉ ၄။ အမှတ်(၄)ရဲစခန်း ၀၂-၆၀၈၃၁ ၅။ အမှတ်(၅)ရဲစခန်း ၀၂-၃၆၉၉၁ ၆။ အမှတ်(၆)ရဲစခန်း ၀၂-၃၆၉၉၂ ၇။ အမှတ်(၇)ရဲစခန်း ၀၂-၃၆၉၉၃ ၈။ အမှတ်(၈)ရဲစခန်း ၀၂-၃၆၉၉၄ ၉။ အမှတ်(၉)ရဲစခန်း ၀၂-၃၆၉၉၅ ၁၀။ အမှတ်(၁၀)ရဲစခန်း ၀၂-၃၆၁၄၅ ၁၁။ အမှတ်(၁၁)ရဲစခန်း ၀၂-၃၆၉၉၆ ၁၂။ အောင်ပင်လယ်ရဲစခန်း ၀၂-၆၂၇၁၀ ၁၃။ ပြည်ကြီးတံခွန်ရဲစခန်း ၀၂-၈၀၃၄၈ ၁၄။ ပုသိမ်ကြီးရဲစခန်း ၀၂-၅၇၇၄၉ ၁၅။ အုန်းချောရဲစခန်း ၀၈၅-၄၀၁၉၉ ၁၆။ အမရပူရရဲစခန်း ၀၂-၇၀၉၉၈ ၁၇။ မြစ်ငယ်ရဲစခန်း ၀၂-၅၅၀၇၅ ၁၈။ ပြင်ဦးလွင်ရဲစခန်း ၀၈၅-၂၂၀၃၇ ၁၉။ သရုပ်ပြရဲစခန်း ၀၂-၅၀၂၆၂ ၂၀။ မတ္တရာရဲစခန်း ၀၂-၇၉၀၀၁ ၂၁။ စဥ့်ကူးရဲစခန်း ၀၈၆-၃၅၁၉၉ ၂၂။ သပိတ်ကျင်းရဲစခန်း ၀၈၆-၃၀၀၀၂ ၂၃။ မိုးကုတ်ရဲစခန်း ၀၈၆-၂၀၀၁၃ ၂၄။ ကျပ်ပြင်ရဲစခန်း ၀၈၆-၂၅၀၁၂ ၂၅။ အချုပ်ထောင်ရဲစခန်း ၀၈၆-၂၀၀၁၄ ၂၆။ ကျောက်ဆည်ရဲစခန်း ၀၆၆-၅၀၃၃၂ ၂၇။ မြစ်သားရဲစခန်း ၀၆၆-၆၀၀၀၆ ၂၈။ ကူမဲရဲစခန်း ၀၆၆-၆၂၀၁၃ ၂၉။ စဥ့်ကိုင်ရဲစခန်း ၀၆၆-၄၀၀၃၁ ၃၀။ ပလိပ်ရဲစခန်း ၀၆၆-၄၂၀၉၃ ၃၁။ လေဆိပ်ရဲစခန်း ၀၂-၈၇၄၁၆ ၃၂။ တံတားဦးရဲစခန်း ၀၆၆-၄၄၀၀၇

Tuesday, June 12, 2012